မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်
Students & Youth Congress of Burma
နောက်ခံသမိုင်းအကျဉ်း
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်သည် အမျိုးအမျိုးသောတိုင်းရင်းသားများ၏ ကျောင်းသားနျင့် လူငယ်များ (၁၃)ဖွဲ့မှ ပါဝင်နေသည့် အဖွဲ့အစည်းတရပ်ဖြစ်သည်။ ထိုအတူ ထိုင်း-မြန်မာနယ်စပ်နှင့် အိန္ဒိယ-မြနမာနယစပ်တို့တွင် အခြေချလျှက်ရှိသည်။ ၎င်းအဖဲါ့အစည်းကို အန္ဒိယနိုင်ငံရှိ နယူဒေလီမြို့တော်တွင် ၁၉၉၆ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်၏ ရည်မှန်းချက်သည် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများအတွင်း၌ နာလည်မှုတည်ဆောင် ရန်နှင့် ပူးပေါင်းပါဝင်မှုတိုးတက်လာရန်အတွက်ဖြစ်သည်။ ၎င်း၏ ရုန်းကန်ကြိုးပမ်းမှုများသည် ဒီမိုကရေစီ အပြည့်အဝရရှိခြင်း၊ လူအခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် မြန်မာနိုင်ငံကို ဖယ်ဒရယ်ပြည်ထောင်စု အဖြစ် တည်ဆောက်ခြင်းအတွက် ဦးတည်သည်။
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၏ ဦးတည်ချက် -
- တိုင်းရင်းသားလူမျိုးစုံကျောင်းသားလူငယ်ထု၏ညီညွတ်မှုဖြင့် မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲ အရှိန်အဟုန်အား ပိုမိုမြှင့်တင်ရန်။
- တိုင်းရင်းသားလူမျိုးစုံကောင်းသားလူငယ်ထု၏ညီညွတ်မှုဖြင့် မြန်မာပြည်စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်းရေးစေရန်
- တိုင်းသားလူမျိုးစုံကျောင်းသားလူငယ်ထု၏ညီညွတ်ဖြင့်မှုဖြင့် ပြည်တွင်းကျောင်းသားလူငယ်ထု၏ လှုပ်ရှားမှုအားတိုးမြှင့်ဆောင်ရွက်သားရန်။
- နိုင်ငံတကာကျောင်းလူငယ်များနှင့်ပတ်သက်၍ ကမ္ဘာတဝှမ်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ရှင်သန်ထွန်းကားစေရေးနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် ၏ ရည်ရွယ်ချက် -
- မြန်မာနိုင်ငံကျောင်းသားလူငယ်များအဖွဲ့အစည်း တောင့်တင်းခိုင်မာလာစေရန်။
- မြန်မာပြည်ရှိစစ်အစိုးရအား ဆန့်ကျင်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများအတွင်း နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန
- အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် မတူကွဲပြားခြားနားသော တိုင်းရင်းသားလူငယ်များအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်သွားရန်။
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၏ အဖွဲ့အဖွဲ့စည်းများ -
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
၃။ ကချင်တမျိုးသားလုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များသမဂ္ဂ
၎။ ကူကီးကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
၅။ လူ့ဘောင်သစ်လူငယ်အဖွဲ့
၆။ ကယန်းမျိုးဆက်သစ်လူငယ်များအစည်းအရုံး
၇။ ကရင်လူငယ်အစည်းအရုံး
၈။ တိုးတက်သောမွန်လူငယ်များအစည်းအရုံး
၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် (လွတ်မြောက်နယ်မြေ)
၁၀။ တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး
၁၁။ ပအိုင့်လူငယ်အစည်းအရုံး
၁၂။ ထားဝယ်လူငယ်အစည်းအရုံး
၁၃။ ဇိုမီးကျောင်းသားလူငယ်များအစည်းအရုံး