20130102

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုသင်တန်းမှ သင်တန်းသူဟောင်းများ တွေ့ဆုံပွဲ


 မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်မှ ပြုလုပ်ခဲ့သောအမျိုးသမီး စွမ်းရည်မြှင့်တင် ရေးသင်တန်း၊ ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုသင်တန်းမှ သင်တန်းသူဟောင်းများနှင့် လက်ရှိ  ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုသင်တန်းတွင် တက်ရောက်နေကြသော ကျောင်းသူများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကွန်ဂရက်ရုံးတည်ရှိရာ

ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါသည်။ တွေ့ ဆုံပွဲတွင် သင်တန်းတက်ရောက်ခဲ့စဉ် အတွေ့အကြုံများ၊ သင်တန်းမှလေ့လာခဲ့ရသည့် သင်ခန်းစာများ နှင့် လက်တွေ့လုပ်ငန်းခွင်အတွင်း အသုံးချမှု၊ လုပ်ငန်းခွင်အခက်အခဲများနှင့်ပတ်သက်၍ ဖလှယ်ခဲ့ကြ ပါသည်။ ထို့နောက် ကွန်ဂရက်မှ ရှေ့ဆက်လုပ်ငန်းစဉ်များကို တင်ပြ၍ အကြံဥာဏ်များရယူကာ တွေ့ဆုံပွဲကို နိဂုံးချုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ လုပ်ငန်းခွင်အသီးသီးရောက်ရှိနေကြသော ကျောင်းသူဟောင်းများ၊ လက်ရှိသင်တန်းသူများ၊ ကွန်ဂရက်မှတာဝန်ရှိသူများအပါအ၀င် လူဦးရေ (၃၀) ခန့် တက်ရောက်ခဲ့ပါသည်။

0 comments: